Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

အလုပ်ခန့်အပ်ခြင်း

Our Services

အလုပ်ခန့်အပ်ခြင်း

မြန်မာနိုင်ငံအလုပ်ခန့်အပ်ခြင်းဆိုင်ရာဥပဒေအရ အလုပ်ရှင်များသည် အလုပ်ခန့်အပ်ပြီးနောက် ရက်ပေါင်း ၃၀ ထက် နောက်မကျဘဲ အလုပ်သမားအသီးသီးတို့နှင့် အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ရေးသားချုပ်ဆိုရမည်။ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (MLIP) တွင် မှတ်ပုံတင်ရမည်။ (ဤပြစ်မှုမျိုးဖြင့် စွဲချက်တင်ခံရသည်ဟု မကြားဖူးသော်လည်း) အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို မှတ်ပုံတင်ရန် ပျက်ကွက်ပါက အမှန်တကယ် ပြစ်မှုမြောက်ပါသည်။

MLIP သည် အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ပုံစံကို ထုတ်ပြန်ခဲ့ပြီး ဤပုံစံကို မဖြစ်မနေ အသုံးပြုရမည့် စည်းကမ်းချက်အဖြစ် မိတ်ဆက်ခဲ့သည်။ သို့သော် ဤပုံစံ၏ စည်းကမ်းချက်များကို ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်းများကို ဖြည့်စွက်ချက်၊ နောက်ဆက်တွဲအဖြစ် အသုံးပြု၍ ပြုလုပ်နိုင်သည်။

ကျွန်ုပ်တို့သည် MLIP ပုံစံ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ဖြည့်စွက်ခြင်း၊ မှတ်ပုံတင်ခြင်းတို့တွင် အတွေ့အကြုံရှိပါသည်။ ထို့ပြင် MLIP ပုံစံ စာချုပ်ပါ စည်းကမ်းချက်များကို လူကြီးမင်း၏ လုပ်ငန်းအတွက် အဆင့်မီ သို့မဟုတ် ပိုမိုနှစ်သက်သော ပုံစံ မူကြမ်းရေးဆွဲပေးခြင်း သို့မဟုတ် သီးခြားငှားရမ်းမှုအတွက် အထူးဖြည့်စွက်ချက်ကို မူကြမ်းရေးဆွဲပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းကုမ္ပဏီ၏ လူ့အရင်းအမြစ်လုပ်ငန်းစဥ်များသည် မြန်မာနိုင်ငံအလုပ်ခန့်အပ်ခြင်းဆိုင်ရာဥပဒေနှင့် ကိုက်ညီမှုရှိစေရန် စိစစ်ရာတွင် ကူညီခြင်းအပါအဝင် MLIP ပုံစံ စာချုပ်ပါ စည်းကမ်းချက်များနှင့် အခြားသော တည်ဆဲဥပဒေများအပေါ် အခြေခံ၍ အနည်းဆုံးရှိရမည့် စံသတ်မှတ်ချက်များနှင့် စည်းကမ်းချက်များတို့နှင့် စပ်လျဥ်း၍ အကြံပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးပါသည်။

အလုပ်ခန့်အပ်ခြင်း ရပ်စဲသည့်အခါ အလုပ်ခန့်အပ်မှုရပ်စဲခြင်းအတွက် သင့်လျော်သော အကြောင်းကြားခြင်း (notice) ဆိုင်ရာ လိုအပ်ချက်၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို အကြောင်းကြားခြင်း၊ အလုပ်ခန့်အပ်မှုရပ်စဲရာတွင် အကြံပြုထားသော နည်းလမ်းများနှင့် စပ်လျဥ်း၍လည်း အကြံပေးနိုင်ပါသည်။ မြန်မာနိုင်ငံဥပဒေများအရ အလုပ်သမား၏ ဝန်ဆောင်မှုသက်တမ်းပေါ် မူတည်၍ မဖြစ်မနေ ပေးဆောင်ရမည့် နစ်နာကြေးနှင့် ပတ်သက်၍ အကြံပေးခြင်း၊ အလုပ်သမားမှ နောက်ဆုံးခံစားရမည့် အကျိုးခံစားခွင့်များကို တွက်ချက်ပေးခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667