Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

ကုန်အမှတ်တံဆိပ်

Our Services

ကုန်အမှတ်တံဆိပ်

နောက်ခံအကြောင်းအရာမြန်မာနိုင်ငံသည် ကုန်သွယ်မှတ်ပုံတင်စနစ်အတွက် နိုင်ငံတကာအခြေခံစံနှုန်းများကို လိုက်နာ၍ ပထမဆုံးသော ကုန်အမှတ်တံဆိပ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ကုန်အမှတ်တံဆိပ်ဥပဒေသစ်အရ အီလက်ထရွန်းနစ်ကုန်အမှတ်တံဆိပ်မှတ်ပုံတင်စနစ်ကိုလည်း မိတ်ဆက်ခဲ့ပါသည်။ သို့သော် ကုန်အမှတ်တံဆိပ်ဥပဒေနှင့် အီလက်ထရွန်းနစ်ဥပဒေကို ပဏာမမိတ်ဆက် (soft launch) အနေဖြင့်သာ စတင်မိတ်ဆက်နိုင်သေးသည်။ ပဏာမမိတ်ဆက် (soft launch) သည့်အဆင့်တွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ပြီးသည့်အခါ ဦးစွာပြန်လည်မှတ်ပုံတင်ခွင့်ကို ရရှိနိုင်ရန် လက်ရှိကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို စာရွက်အခြေပြုစနစ်ဖြင့် အွန်လိုင်းမှ လျှောက်ထားနိုင်သည်။ အမှန်တကယ် ကုန်အမှတ်တံဆိပ်အသစ်များကို ကုန်အမှတ်တံဆိပ်ဥပဒေအရ အီလက်ထရွန်းနစ်ကုန်အမှတ်တံဆိပ်မှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်၍ မရသေးပါ။ ထိုစဥ်ကာလအတွင်း ကုန်အမှတ်တံဆိပ်အသစ်များ မှတ်ပုံတင်ခြင်း လျှောက်ထားရန် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ ကြီးကြပ်၍ စာရွက်အခြေပြုစနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျှက်ရှိသည်။

ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်ဝန်ဆောင်မှုတွင် –

  • ကုန်အမှတ်တံဆိပ်အောက်တွင်ရှိသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ နယ်ပယ်ဖော်ပြချက်များကို နိုင်ငံတကာအမျိုးအစားခွဲခြားမှုစနစ်နှင့်အညီ အကြံပြုခြင်း
  • နိုင်ငံခြားသားလျှောက်ထားသူဖြစ်စေ၊ မြန်မာနိုင်ငံသားလျှောက်ထားသူဖြစ်စေ စာရွက်အခြေပြုမှတ်ပုံတင်စနစ် အရ ကုန်အမှတ်တံဆိပ်အသစ်အတွက် လိုအပ်သော စာရွက်စာတမ်းများအားလုံး ပြင်ဆင်ပေးခြင်းနှင့် စာရွက်စာတမ်းတင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း
  • စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းလျှောက်ထားရာတွင် တင်ပြလျှောက်ထားခြင်းနှင့် လုပ်ငန်းစဥ်ဆောင်ရွက်ခြင်း (processing)
  • ကုန်အမှတ်တံဆိပ်အသစ်မှတ်ပုံတင်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်မှုနှင့် အသုံးပြုမှုတို့ကို အများပြည်သူသိရှိစေရန် ကြေညာရာတွင် စီမံဆောင်ရွက်ပေးခြင်း
  • လက်ရှိပဏာမမိတ်ဆက်သည့်ကာလ (soft launch) အတွင်း လက်ရှိကုန်အမှတ်တံဆိပ်ကို အွန်လိုင်းကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းစနစ်သစ်ဖြင့် ဦးစားပေးပြန်လည်မှတ်ပုံတင်ခြင်းလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ အကြံပေးခြင်း
  • အွန်လိုင်းစနစ်မှတစ်ဆင့် ကုန်အမှတ်တံဆိပ်ဦးစားပေးပြန်လည်လျှောက်ထားခြင်းကို တင်ပြလျှောက်ထားခြင်းနှင့် လုပ်ငန်းစဥ်ဆောင်ရွက်ခြင်း (processing)
  • ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုအလားအလာရှိလာနိုင်ပါက ကုန်အမှတ်တံဆိပ်အတည်ပြုခြင်းနှင့် ပတ်သက်၍ ရွေးချယ်လုပ်ဆောင်ရမည်များကို အကြံပေးခြင်းနှင့်
  • မိမိ၏ ကုန်အမှတ်တံဆိပ်ကို ကုန်အမှတ်တံဆိပ်အဖြစ် ကာကွယ်မှုမြှင့်တင်ရန် ကုန်အမှတ်တံဆိပ်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ရှင်းလင်းစွာ အသုံးမပြုခြင်း၊ စွဲမြဲစွာ အသုံးမပြုခြင်းတို့ကြောင့် ကုန်အမှတ်တံဆိပ်ကာကွယ်မှုကို ထိခိုက်စေနိုင်မည့် အန္တရာယ်များကို လျှော့ချနိုင်ရန် အကြံပေးခြင်း

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667