Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

လစာပေးခြင်း (Payroll) ၊ ဝန်ထမ်းအခွန်များနှင့် လူမှုဖူလုံရေးထည့်ဝင်ငွေ

Our Services

လစာပေးခြင်း (Payroll) ၊ ဝန်ထမ်းအခွန်များနှင့် လူမှုဖူလုံရေးထည့်ဝင်ငွေ

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဝန်ထမ်းများ၏ ကိုယ်ပိုင်ဝင်ငွေခွန်ကို နုတ်ယူ၍ ပေးဆောင်ရန်မှာ အလုပ်ရှင်များ၏ တာဝန်ဖြစ်သည်။ ဝန်ထမ်း ၅ ဦးနှင့်အထက် ရှိသော အလုပ်ရှင်များသည် ဝန်ထမ်းများ၏ လူမှုဖူလုံရေးထည့်ဝင်ငွေများအတွက် မှတ်ပုံတင်၍ ပေးဆောင်ရန် လိုအပ်ပါသည်။ ဝန်ထမ်းများနှင့် စပ်လျဥ်း၍ ပုံမှန် တွက်ချက်မှုများ ပြုလုပ်ခြင်း၊ လုပ်ခလစာ ပေးဆောင်ခြင်းနှင့်  ဥပဒေအရ လိုက်နာဆောင်ရွက်မှုများ ပြုလုပ်ရခြင်းသည် လူကြီးမင်း၏ လုပ်ငန်းအတွက် လစဥ်တိုင်း ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် ဝန်ထမ်းများ၏ အခွန်၊ လူမှုဖူလုံရေးထည့်ဝင်ငွေများနှင့် စပ်လျဥ်း၍ အပြည့်အဝ ဝန်ဆောင်မှုပေးခြင်းနှင့် လစာပေးခြင်းဝန်ဆောင်မှု ပေးခြင်းတို့ဖြင့် အဆိုပါ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပါသည်။

လစာပေးခြင်းဝန်ဆောင်မှုများ

  • ကိုယ်ပိုင်ဝင်ငွေခွန်နှင့် လူမှုဖူလုံရေးထည့်ဝင်ငွေများအပါအဝင် လစဥ် ဝန်ထမ်းများ၏ အသားတင် လစာကို တွက်ချက်ခြင်းနှင့် အကြမ်းနှင့် အသားတင် လစာနှင့် ထည့်ဝင်မှုများ အကျဥ်းချုပ်ဖော်ပြထားသော payroll အချက်အလက်များနှင့် pay-slip
  • Client က ရွေးချယ်သော ဘဏ်မှတစ်ဆင့် ဝန်ထမ်းများ၏ လစာပေးခြင်း ဆောင်ရွက်ခြင်း

ကိုယ်ပိုင်ဝင်ငွေခွန်အတွက် ဝန်ထမ်းများကို မှတ်ပုံတင်ခြင်း – ဝန်ထမ်းများ၏ ကိုယ်ပိုင်ဝင်ငွေခွန်ပေးဆောင်ခြင်း လွယ်ကူစေရန်အတွက် ဝန်ထမ်းအသစ်ခန့်အပ်ခြင်းနှင့် စပ်လျဥ်း၍ အလုပ်ရှင်ရှိသော ဧရိယာမှ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) အား အသိပေးအကြောင်းကြားခြင်း

အလုပ်ရှင်နှင့် အလုပ်သမားများကို လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ခြင်း – လူမှုဖူလုံရေးထည့်ဝင်ငွေပေးခြင်းနှင့် စပ်လျဥ်း၍ ဒေသန္တရလူမှုဖူလုံရေးအဖွဲ့တွင် အလုပ်ရှင်ရော အလုပ်သမားပါ မှတ်ပုံတင်ခြင်း

ဝန်ထမ်း၏ ကိုယ်ပိုင်ဝင်ငွေခွန်ပေးဆောင်ရန် လျှောက်ထားတင်ပြခြင်းနှင့် ပေးသွင်းခြင်း

  • ဝန်ထမ်းများ၏ ကိုယ်ပိုင်ဝင်ငွေခွန်များကို အင်တာနက်ဘဏ်စနစ်မှတစ်ဆင့် လွှဲခြင်းဖြင့် ပေးဆောင်ရာတွင် ကူညီခြင်းနှင့် IRD သို့ ပေးဆောင်ပြီးကြောင်း အတည်ပြုချက် ပေးပို့ခြင်း
  • IRD တွင် ကိုယ်ပိုင်ဝင်ငွေခွန် အခွန်ကြေညာလွှာကို ပြင်ဆင်ခြင်းနှင့် တင်ပြလျှောက်ထားခြင်း

အလုပ်ရှင်/အလုပ်သမားများ လူမှုဖူလုံရေးထည့်ဝင်ငွေ တင်ပြလျှောက်ထားခြင်းနှင့် ပေးဆောင်ခြင်း – သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့ထံ လူမှုဖူလုံရေးထည့်ဝင်ငွေ ပေးသွင်းခြင်းနှင့် ကြေညာလွှာ ပြင်ဆင်တင်ပြခြင်း

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667