Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

မြန်မာနိုင်ငံ

Our Services

မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးမတည်ငြိမ်မှုများကြောင့် ပြည်တွင်းပြည်ပလုပ်ငန်းများအတွက် များစွာ အခက်အခဲဖြစ်စေပါသည်။ ရင်းနှီးမှုအမြောက်အများကို ဆိုင်းငံ့ထားကြသည်။ အချို့သော ကုမ္ပဏီများသည် ပိတ်သိမ်းခြင်း၊ ထွက်ခွာခြင်းများ ပြုလုပ်ကြပြီဖြစ်သည်။ အချို့သော ကုမ္ပဏီများမှာ လုပ်ငန်းလုပ်ကိုင်ရ ခက်ခဲမှုကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်မည့် ရွေးချယ်မှုများကို စဥ်းစားနေကြပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဆွဲဆောင်နိုင်သော အခြေခံကျသော အချက်များကတော့ ရှိနေဆဲဖြစ်သည်။ အဆိုပါအချက်များမှာ ရေတိုတွင် ရရှိရန် ခက်ခဲသော်လည်း ရေလတ်နှင့် ရေရှည်တွင် ကဏ္ဍတစ်ခုမှ စိတ်ရှည်သော ရင်းနှီးမြှုပ်နှံသူများအတွက်တော့ ဆုလာဘ်ဖြစ်လာနိုင်ရန် အလားအလာရှိသည်။

ရင်းနှီးမြှုပ်နှံမှုအသစ် – ရေရှည်မျှော်တွေးတတ်ပြီး မတည်ငြိမ်သော ကာလအတွင်း ဖွံ့ဖြိုးဆဲ စီပွားရေးကဏ္ဍတွင် လုပ်ကိုင်ခြင်း၏ ဆုံးရှုံးမှုနှင့် အခက်အခဲများကို တွက်ဆတတ်သော ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ ပထဝီဗျူဟာကျမှု၊ သိပ်သည်းသော လူဦးရေနှင့် သဘာဝသယံဇာတများနှင့် ဖွံ့ဖြိုးမှုမရှိသေးသော ဈေးကွက်နှင့် စီးပွားရေးကဏ္ဍ၏ လစ်ဟာမှုများကို တွေ့မြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းမှ ဈေးကွက်တွင်း ဝင်ရောက်သည့်အခါ ရင်းနှီးမြှုပ်နှံမှုသစ်နှင့် စပ်လျဥ်း၍ အကြံဉာဏ်ပေးခြင်းနှင့် လုပ်ငန်းအသစ်အတွက် လိုင်စင်နှင့် ခွင့်ပြုမိန့်များ ရယူရာတွင် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။

လက်ရှိလုပ်ငန်းကို ထိန်းသိမ်းခြင်း – လက်ခံနိုင်ဖွယ် အတိုင်းအတာအထိ လုပ်ငန်းလုပ်ဆောင်မှုကို ထိန်းသိမ်းထားပြီး မတည်ငြိမ်သော လက်ရှိအချိန်ကာလအတွင်း မပြိုလဲရန် ကြိုးပမ်းနေသော လက်ရှိရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းဆောင်ရွက်နေသူများသည် ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ဘဏ္ဍာရေးနှင့် စည်းကမ်းလိုက်နာခြင်းလုပ်ဆောင်မှုများကို ငှားရမ်းဆောင်ရွက်ပါက ၎င်းတို့၏ စည်းမျဥ်းဥပဒေဆိုင်ရာ လိုက်နာမှုတွင် ထိရောက်မှုရှိမည်ဖြစ်သဖြင့် အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။

လက်ရှိလုပ်ငန်းကို ချဲ့ထွင်ခြင်း – ကျွန်ုပ်တို့သည် လက်ရှိအခြေအနေတွင် မည်သို့ဖြစ်စေကာမူ လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းမြင်သည့် လက်ရှိရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းဆောင်ရွက်နေသူများအား ပညာရှင်အဆင့်အကြံဉာဏ်များ ပေးနိုင်ပါသည်။ စည်းမျဥ်းဥပဒေများနှင့် ပတ်သက်၍ နည်းလမ်းများ၊ လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့က ရင်းမြစ်များနှင့် လမ်းညွှန်မှုများ ထပ်မံ ပေးမည်ဖြစ်သည့်အတွက် လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်သော အချိန်နှင့် ကြိုးပမ်းအားထုတ်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

ပိတ်သိမ်းခြင်းနှင့် ထွက်ခွာခြင်း – မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခုမှ အစီအစဥ်တကျ ဥပဒေကို လိုက်နာ၍ ပိတ်သိမ်းရာတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အစုရှယ်ယာရှင်များက ဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်း၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် လိုအပ်ပါသည်။ အတွေ့အကြုံရှိသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိငှားရမ်းပေးခြင်းနှင့် ကျွန်ုပ်တို့၏ client များအတွက် တစ်နေရာတည်းမှာ ဆက်သွယ်မေးမြန်းနိုင်မည့် ဌာန (single point of contact) ထားရှိပေးခြင်းအပါအဝင် နည်းလမ်းတိုင်းကို တတ်နိုင်သမျှ ချောမွေ့စေရန် ကျွန်ုပ်တို့သည် လုပ်ငန်းစဥ်တစ်ခုလုံးကို စီမံခန့်ခွဲနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် ရန်ကုန်မြို့တွင် ရှိပြီး လုပ်ငန်းပတ်ဝန်းကျင်နှင့် မြန်မာနိုင်ငံတွင် ဖြစ်နိုင်သော ဆုံးရှုံးမှုများကို တိုက်ရိုက်စီမံခန့်ခွဲခြင်း၊ စည်းကမ်းလိုက်နာမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ နေ့စဥ် ရင်ဆိုင်ဖြေရှင်းခြင်းတို့ကို ပြုလုပ်လျက်ရှိပါသည်။ လူကြီးမင်းမှ ဝင်ရောက်ရန်ဖြစ်စေ၊ ချဲ့ထွင်ရန်ဖြစ်စေ၊ ထိန်းသိမ်းရန် သို့မဟုတ် ပိတ်သိမ်း/ထွက်ခွာရန်ဖြစ်စေ ပြုလုပ်လိုပါက ကျွန်ုပ်တို့သည် လူကြီးမင်း၏ ရွေးချယ်ခွင့်များနှင့် စပ်လျဥ်း၍ လမ်းညွှန်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667