Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

ဈေးကွက်ဝင်ရောက်ခြင်းနှင့် ဖွဲ့စည်းခြင်း

Our Services

ဈေးကွက်ဝင်ရောက်ခြင်းနှင့် ဖွဲ့စည်းခြင်း

မည်သည့်လုပ်ငန်းအမျိုးအစား၊ မည်သည့်ပိုင်ဆိုင်မှုဖွဲ့စည်းပုံကို ရွေးချယ်ရမည်စသည့် အခြေခံရွေးချယ်မှုအပြင် မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်ခြင်း၊ မြန်မာနိုင်ငံတွင် ရှိပြီးဖြစ်သော လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် စပ်လျဥ်း၍ ဆုံးဖြတ်ချက်ချရာတွင် ထည့်သွင်းစဥ်းစာစရာအချက်များ များစွာရှိပါသည်။

ကျွန်ုပ်တို့သည် အောက်ပါတို့အပါအဝင် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များအရ အဓိကကျသော ဥပဒေ၊ ခွင့်ပြုမိန့်၊ အခွန်နှင့် လိုက်နာမှုဆိုင်ရာ ပြဿနာရပ်များနှင့် ဆုံးရှုံးနိုင်ခြေများနှင့် စပ်လျဥ်း၍ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။

  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှု ကန့်သတ်ခြင်း
  • ရင်းနှီးမြှုပ်နှံမှုလိုင်စင်အတွက် လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်နှင့် ခွင့်ပြုမိန့်များ ရယူခြင်းနှင့် စပ်လျဥ်းသည့် လုပ်ငန်းစဥ်များ၊ စည်းကမ်းချက်များ၊ အချက်အလက်များနှင့် ကြာမည့်အချိန်
  • မြေပိုင်ဆိုင်ခွင့်နှင့် ငှားရမ်းမှုဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်မှု၊ မြေယာရယူခြင်း၊ မြေနှင့် အဆောက်အအုံ ငှားရမ်းခြင်းနှင့် ထပ်ဆင့်ငှားရမ်းခြင်းဆိုင်ရာ ခွင့်ပြုမိန့်နှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များ
  • ပြည်ပချေးငွေ၊ ငွေကြေးဖြည့်ဆည်းမှုဆိုင်ရာ ကုန်ကျစရိတ်နှင့် စပ်လျဥ်း၍ ပင်ရင်းမှနုတ်ယူသည့်အခွန်နှင့် ကော်ပိုရိတ်ဝင်ငွေခွန်ဆိုင်ရာရှုထောင့်၊ မြန်မာနိုင်ငံတွင်းရှိ အခြေပစ္စည်းများအပေါ် အာမခံရယူခြင်းအတွက် ဥပဒေအရနှင့် လက်တွေ့အရ ပါဝင်မှု
  • အမြတ်ခွဲဝေပေးခြင်း သို့မဟုတ် စီမံခန့်ခွဲမှုဝန်ဆောင်ခနှင့် အခြား အဖွဲ့အစည်းအတွင်း ပေးရငွေများကဲ့သို့သော alternative mechanisms ကို အသုံးပြုခြင်းနှင့် ဆက်စပ်လုပ်ငန်းစဥ်များ၊ ခွင့်ပြုမိန့်ရရှိရန် ကြာချိန်နှင့် အခွန်အပေါ် အကျိုးသက်ရောက်မှု (tax implications) တို့အပါအဝင် အမြတ်အစွန်းကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် ရရှိနိုင်သော နည်းလမ်းများနှင့် စပ်လျဥ်း၍ အကြံပြုခြင်း
  • ကြွေးမြီနှင့် အစုရှယ်ယာမတည်ငွေရင်း၊ အတိုး၊ လိုင်စင်ကြေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ပေးငွေများအတွက် ပြည်တွင်းပြည်ပ ငွေလွှဲခြင်း၊ ဆက်စပ်ခွင့်ပြုမိန့်များ၊ အကြောင်းကြားမှုများနှင့် စပ်လျဥ်း၍ နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်ပေးခြင်း
  • သွင်းကုန်အခွန်၊ အကောက်ခွန်နှင့် ပင်ရင်းမှ နုတ်ယူသည့်အခွန်တို့အပါအဝင် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းလုပ်ငန်းစဥ်နှင့် စာရွက်စာတမ်းများတို့နှင့် စပ်လျဥ်း၍ အကြံပေးခြင်း

ထို့ပြင် ကျွန်ုပ်တို့သည် လူကြီးမင်း၏ လက်ရှိ သို့မဟုတ် အဆိုပြုလုပ်ငန်းသစ် သို့မဟုတ် စီမံကိန်းကို သုံးသပ်၍ အောက်ပါတို့နှင့် စပ်လျဥ်းပြီး တိကျသော အောက်ပါလမ်းညွှန်မှုများ ပေးနိုင်ပါသည်။

  • ရရှိနိုင်သော လုပ်ငန်းဆောင်ရွက်မှုအမျိုးအစားများ၏ ကွဲပြားသော လက္ခဏာများနှင့် လိုအပ်ချက်များ၊ ကောင်းကျိုးဆိုးကျိုးများနှင့် လူကြီးမင်း ကြံရွယ်ထားသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအတွက် အသင့်လျော်ဆုံးအမျိုးအစား ကူညီရွေးချယ်ပေးခြင်း
  • အခွန်လျှော့ချမှု၊ loss carry-forward နှင့် ကုန်သွယ်ဝင်ငွေခွန်အတွက် အသုံးစရိတ်များ နုတ်ယူနိုင်ခြင်း စသည်တို့အပါအဝင် အဆိုပြုလုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းအတွက် ကုန်သွယ်ဝင်ငွေခွန်၊ အခြေပစ္စည်းအမြတ်အစွန်းအပေါ် ကောက်ခံသည့်အခွန်၊ ကုန်သွယ်ခွန်၊ ပင်ရင်းမှ နုတ်ယူသည့်အခွန်၊ ကုန်စည်တင်သွင်းခွန်နှင့် အထူးကုန်စည်ခွန် ပေးဆောင်ခြင်း
  • လိုင်စင်လျှောက်ထားရန် လိုအပ်ချက်များ၊ လုပ်ငန်းစဥ်နှင့် လိုင်စင်နှင့် ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် လက်ခံရရှိခြင်းအတွက် ကြာချိန်တို့အပါအဝင် လုပ်ကိုင်ရန် ရည်ရွယ်သည့် လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုလိုင်စင်နှင့် လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုမိန့်များ
  • အကယ်၍ လူကြီးမင်းသည် ကုမ္ပဏီတည်ထောင်ရန် စဥ်းစားနေပါက မြန်မာနိုင်ငံ လိုင်စင်လျှောက်ထားခြင်းနှင့် အခွန်ပေးဆောင်ခြင်း ရည်ရွယ်ချက်အတွက် ပြည်တွင်းပြည်ပအစုရှယ်ယာဖွဲ့စည်းမှုနှင့် ပြည်တွင်းနေ ဒါရိုက်တာလိုအပ်ချက်

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667