Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း (Incorporation and establishment)

Our Services

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း (Incorporation and establishment)

မြန်မာနိုင်ငံတွင် အတွေ့ရအများဆုံး လုပ်ငန်းဆောင်ရွက်ပုံမှာ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသော အများနှင့်သက်ဆိုင်ခြင်းမရှိသည့် ကုမ္ပဏီ (PCLS) အဖြစ် တည်ထောင်ခြင်းဖြစ်သည်။ သာမန်အစုရှယ်ယာ ထုတ်ဝေရောင်းချပြီး မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် သက်ဆိုင်သော ရုံးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းကို လက်ခံကျင့်သုံးပါက PCLS ကို ရိုးရှင်းလွယ်ကူစွာ တည်ထောင်နိုင်သည်။ (သို့သော် မိမိတို့ ကြိုက်နှစ်သက်သည့် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းနှင့် ကြိုက်နှစ်သက်ရာ အစုရှယ်ယာအမျိုးအစားများကိုလည်း အသုံးပြုနိုင်သည်။) အခြားတရားစီရင်ပိုင်ခွင့်နိုင်ငံများကဲ့သို့ပင် PCLS တစ်ခုတွင် ပြည်တွင်းနေ ဒါရိုက်တာနှင့် မှတ်ပုံတင်ထားသော ရုံးလိပ်စာရှိရမည်။

အခြား အဓိကကျသော လုပ်ငန်းဆောင်ရွက်ပုံများတွင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီနှင့် ပြည်ပကော်ပိုးရေးရှင်းများမှ ပြည်တွင်းတွင် မှတ်ပုံတင်၍ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခြင်း (ရုံးခွဲမှတ်ပုံတင်ခြင်းအဖြစ် လူသိများသည်။) တို့လည်း ပါဝင်သည်။ အာမခံဖြင့် ကန့်သတ်ထားသော ကုမ္ပဏီများ သို့မဟုတ် အသင်းအဖွဲ့များလည်း ရှိပြီး အကျိုးအမြတ်အတွက် ဖွဲ့စည်းထားခြင်း မဟုတ်သည့် အဖွဲ့အစည်းများဖြစ်ကြသည်။ ပရဟိတနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြသော အထူးသဖြင့် အစိုးရအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သော မှတ်ပုံတင်ထားသည့် အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGO) လည်း ရှိကြသေးသည်။

ကုမ္ပဏီ/အဖွဲ့အစည်းတည်ထောင်ရာတွင် လိုအပ်သော အချက်အလက်များနှင့် စည်းကမ်းချက်များအပါအဝင် မြန်မာနိုင်ငံတွင် လူကြီးမင်း လုပ်ကိုင်ဆောင်ရွက်ရန် အသင့်လျော်ဆုံး လုပ်ငန်းအမျိုးအစားကို အကြံပြုနိုင်ပါသည်။ လူကြီးမင်းနှင့် အကိုက်ညီဆုံး လုပ်ငန်းအမျိုးအစားကို ရွေးချယ်ပြီးပါက အဆိုပါလုပ်ငန်းသစ်ကို မှတ်ပုံတင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများအားလုံးကို ပြင်ဆင်ပေးပါမည်။ သက်ဆိုင်မှုရှိပါက ကျွန်ုပ်တို့သည် ကုမ္ပဏီအသစ်များအတွက် နှစ်သက်ရာဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပြင်ဆင်ပေးခြင်း၊ အစုရှယ်ယာအမျိုးအစားများအတွက် စည်းကမ်းချက်များ ပြင်ဆင်ပေးခြင်းနှင့် အဆိုပြု INGO အသစ်များအတွက် အစိုးရနှင့် ချုပ်ဆိုမည့် သဘောတူစာချုပ်များနှင့် စပ်လျဥ်း၍ ညှိနှိုင်းဆွေးနွေးရာတွင် ကူညီဆောင်ရွက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးပါသည်။ လျှောက်လွှာစာရွက်စာတမ်းများကို ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာစီမံကြီးကြပ်ရေးဌာနများတွင် တင်ပေးခြင်းနှင့် လျှောက်လွှာတင်ပြီးချိန်မှ မှတ်ပုံတင်ခြင်း ပြီးမြောက်သည်အထိ လိုအပ်သည်များကို စီမံဆောင်ရွက်ပေးပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667