Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

စာရင်းကိုင်

ဝန်ဆောင်မှုများ

Accounting

ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ စာရင်းကိုင်အဖွဲ့သည် (cloud အခြေပြု Xero စာရင်းကိုင်ဆော့ဖ်ဝဲ အသုံးပြုခြင်းအပါအဝင်) စာရင်းကိုင်စနစ်များ ထည့်သွင်းခြင်း (establish) နှင့် လုပ်ငန်းအသစ် သို့မဟုတ် လက်ရှိလုပ်ငန်းများ လည်ပတ်ခြင်း လွယ်ကူစေရန် စာရင်းထိန်းသိမ်းခြင်း (book-keeping) ၊ ဘဏ္ဍာရေးအစီရင်ခံခြင်းနှင့် လစာပေးခြင်း (payroll) တို့ကို ပြင်ပဝန်ဆောင်မှု ရယူ၍ ကူညီပေးရာတွင် များစွာ အတွေ့အကြုံရှိပါသည်။  

စာရင်းကိုင်မှတ်တမ်းပြုစုခြင်း – ကျွန်ုပ်တို့သည် တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ ခွဲဝေခြင်းတို့အပြင် တိကျစွာ အစီရင်ခံခြင်း၊ ငွေသားနှင့် အခြားသော အခြေပစ္စည်းများကို လုံခြုံစွာ စီမံခန့်ခွဲရာတွင် သေချာမှုရှိစေရန် မည်သည့်လုပ်ထုံးလုပ်နည်းများနှင့် ထိန်းချုပ်မှုများ ပြုလုပ်သင့်ကြောင်း သိရှိနားလည်နိုင်ရန် client နှင့် ဦးစွာပထမ တွေ့ဆုံဆွေးနွေးပါသည်။ ကျွန်ုပ်တို့သည် template Excel spreadsheet ဖန်တီးခြင်း သို့မဟုတ် Xero စာရင်းကိုင်ဆော့ဖ်ဝဲကို အသုံးပြု၍ cloud အခြေပြု စာရင်းကိုင်စနစ်ကို ထည့်သွင်း (establish) ၍ လက်ရှိမှတ်တမ်း သို့မဟုတ် စနစ်မှ ကနဦးစာရင်းကိုင်အချက်အလက်များ၊ chart of account များ၊ စာရင်းဖွင့်လက်ကျန်များကို ထည့်သွင်းပေးခြင်းဖြင့် client အား ကူညီဝန်ဆောင်မှုပေးပါသည်။

လချုပ်စာရင်းထိန်းသိမ်းခြင်းနှင့် အစီရင်ခံစာများ – ကျွန်ုပ်တို့သည် entry များ စစ်ဆေးခြင်းနှင့် bank reconciliations ဆောင်ရွက်ခြင်း အပါအဝင် အခြေခံလချုပ်စာရင်းထိန်းသိမ်းခြင်း သို့မဟုတ် မြန်မာနိုင်ငံငွေကြေးအစီရင်ခံခြင်း စံသတ်မှတ်ချက်များနှင့်အညီ စာရင်း အပြည့်အစုံ ထိန်းသိမ်းပေးခြင်းတို့ကိုလည်း ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့၏ ပြည့်စုံသော စာရင်းကိုင်ဝန်ဆောင်မှုတွင် ကျွန်ုပ်တို့၏ client များအား ၎င်းတို့၏ ငွေကြေးလည်ပတ်မှုကို သိရှိနိုင်စေရန် လချုပ်စီမံခန့်ခွဲမှုအစီရင်ခံစာ (အရှုံးအမြတ်ဖော်ပြချက်နှင့် လက်ကျန်ရှင်းတမ်း) ပြုလုပ်ပေးခြင်းလည်း ပါဝင်ပါသည်။ လူကြီးမင်း၏ လုပ်ငန်းလိုအပ်ချက်နှင့်အညီ အခါအားလျော်စွာ ဘဏ္ဍာရေးအစီရင်ခံစာများကိုလည်း စိတ်တိုင်းကျ ပြုလုပ်ပေးပါသည်။

စာရင်းစစ်ဆေးခြင်းလုပ်ငန်းစဥ်များအတွက် အထောက်အပံ့ – ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ client များ၏ စာရင်းစစ်များကို စာရွက်စာတမ်းများ၊ အချက်အလက်များနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းစဥ်အတွက် ယေဘုယျအထောက်အပံ့ပြုခြင်းတို့ကို ဆက်သွယ်ဆောင်ရွက်ပေးသည့်အပြင် မဖြစ်မနေပြင်ဆင်ရမည့် ဘဏ္ဍာရေးရှင်းတမ်းများ၏ နှစ်ပတ်လည်စာရင်းစစ်ခြင်းတို့ ဆောင်ရွက်ရန် မြန်မာနိုင်ငံရှိ နာမည်ကောင်းဖြင့် ကျော်ကြားသော စာရင်းစစ်များနှင့် မိတ်ဆက်ပေးခြင်း၊ ငှားရမ်းပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာမှ စာရင်းစစ်များနှင့် ပူးတွဲလုပ်ကိုင်၍ မြန်မာနိုင်ငံတွင် တည်ထောင်သော ကုမ္ပဏီတစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုပါဝင်သော နိုင်ငံတကာကုမ္ပဏီအုပ်စု၏ စာရင်းစစ်ဆေးခြင်းကို အထောက်အပံ့ပြုရာတွင်လည်း အတွေ့အကြုံရှိပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667