Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

အခွန်

Our Services

အခွန်

ဖွံ့ဖြိုးဆဲ တရားစီရင်ပိုင်ခွင့်သာ ဖြစ်သဖြင့် မြန်မာနိုင်ငံအခွန်ဆိုင်ရာ ဥပဒေများနှင့် လုပ်ဆောင်ကျင့်သုံးနည်းများတွင် သုံးသပ်ပြုပြင်စရာ များစွာ ရှိပါသည်။ တစ်ချိန်တည်းမှာပင် အခွန်ဥပဒေလိုက်နာဆောင်ရွက်ပုံနည်းလမ်းများသည်လည်း များသောအားဖြင့် မရှင်းလင်းပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ client များအတွက် ပြင်ပ tax compliance service အပြည့်အဝ ပံ့ပို့ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အခွန်စည်းမျဥ်းဥပဒေများအကြား client များ ရှုပ်ထွေးမှု မဖြစ်စေရန် ကူညီဆောင်ရွက်ပေးပါသည်။

ကုန်သွယ်ခွန်မှတ်ပုံတင်ခြင်း
– ကုန်သွယ်ခွန်ဆိုသည်မှာ တန်ဖိုးမြှင့်အခွန် (value-added tax) တစ်မျိုးဖြစ်သည်။ ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် သို့မဟုတ် ကုန်စည်ထုတ်လုပ်သည့် အဖွဲ့အစည်းသည် (ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရသော ကုန်ပစ္စည်းရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း မဟုတ်ပါက (ဥပမာ – ပညာရေးဝန်ဆောင်မှု)) လုပ်ငန်းစတင်သည့်အခါ မြန်မာနိုင်ငံပြည်တွင်းအခွန်များဦးစီးဌာန (IRD) တွင် ကုန်သွယ်ခွန် ပေးဆောင်ရန် မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါမှတ်ပုံတင်ကို နှစ်စဥ်သက်တမ်းတိုးရမည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ ကနဦး ကုန်သွယ်ခွန်မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်သက်တမ်းတိုးရာတွင် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် ပေးပို့တင်ပြခြင်းဝန်ဆောင်မှုများ ပေးပါသည်။

ကုန်သွယ်ခွန်နှင့်
off-setting claims တို့ကို ပေးဆောင်ခြင်းနှင့် တင်ပြလျှောက်ထားခြင်း – ကုန်သွယ်ခွန်ပေးဆောင်သူများသည် တင်ပြလျှောက်ထားခြင်းနှင့် ပေးဆောင်ခြင်းတို့ကို လစဥ်၊ သုံးလတစ်ခါနှင့် နှစ်စဥ် ပြုလုပ်ကြရသည်။ ကျွန်ုပ်တို့သည် ကုန်သွယ်ခွန် off-setting claims (ရှိခဲ့ပါက) အပါအဝင် အခါအားလျော်စွာ ကုန်သွယ်ခွန်ကြေညာလွှာနှင့် စပ်လျဥ်း၍ လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြင်ဆင်ခြင်း၊ တင်ပြလျှောက်ထားခြင်း၊ နှစ်စဥ်ကုန်သွယ်ခွန်ကြေညာလွှာ အပြီးသတ်စည်းကြပ်မှု ရရှိနိုင်ရန် IRD နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့သည် လစဥ်ကုန်သွယ်ခွန်များကို သက်ဆိုင်ရာအစိုးရဘဏ်တွင် ပေးသွင်းခြင်းနှင့် ငွေလက်ခံဖြတ်ပိုင်း/ချလံများ ရယူပေးခြင်း ဝန်ဆောင်မှုများလည်း ပေးပါသည်။

ကုန်သွယ်ဝင်ငွေခွန် ပေးဆောင်ခြင်းနှင့် လျှောက်ထားတင်ပြခြင်း
– အခွန်စည်းကြပ်နိုင်သည့် ဝင်ငွေရရှိသော ကုမ္ပဏီများသည် သုံးလတစ်ကြိမ်နှင့် နှစ်စဥ် ကုန်သွယ်ဝင်ငွေခွန်ပေးဆောင်ရန် ကိုယ်တိုင်စည်းကြပ်ကြရပြီး ကိုယ်တိုင်စည်းကြပ်ထားသော ကုန်သွယ်ဝင်ငွေခွန်ကို ကြိုတင်ပေးဆောင်ကြရသည်။ ကျွန်ုပ်တို့သည် အခါအားလျော်စွာ ပေးဆောင်သော ကုန်သွယ်ဝင်ငွေခွန်များ ပေးဆောင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် တင်ပြပေးခြင်း၊  နှစ်စဥ်ကုန်သွယ်ဝင်ငွေခွန် အခွန်ကြေညာလွှာ အပြီးသတ်စည်းကြပ်မှု ရရှိနိုင်ရန် IRD နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့သည် လစဥ်ကုန်သွယ်ဝင်ငွေခွန်များကို သက်ဆိုင်ရာအစိုးရဘဏ်တွင် ပေးသွင်းခြင်းနှင့် ငွေလက်ခံဖြတ်ပိုင်း/ချလံများ ရယူရာတွင် အကူအညီ ဝန်ဆောင်မှုများလည်း ပေးပါသည်။

စာရင်းစစ်အထောက်အပံ့
– အချို့သော စာရင်းစစ်ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ခွင့်ပြုထားပြီး စာရင်းစစ်ဆေးထားခြင်းမရှိသော အရှုံးအမြတ်ဖော်ပြချက်နှင့် လက်ကျန်ငွေရှင်းတမ်းတို့ကိုသာ အခြေခံ၍ အပြောင်းအလဲရှိနိုင်သော နှစ်စဥ်အခွန်ကြေညာလွှာကို ကနဦးတွင် တင်ပြလျှောက်ထားရသည်။ သို့သော် IRD သည် နှစ်စဥ်ကုန်သွယ်မှုဝင်ငွေခွန် အခွန်ကြေညာလွှာကို စာရင်းစစ်ဆေးထားသော ဘဏ္ဍာရေးရှင်းတမ်းအပေါ်တွင်သာ အခြေခံရန် ကုမ္ပဏီအများစုအား မျှော်လင့်ထားသည်။ ထို့ကြောင့် လက်တွေ့တွင် ကုမ္ပဏီအများစုတို့သည် နှစ်စဥ် စာရင်းစစ်ခြင်းကို အပြည့်အဝ ပြုလုပ်ကြပြီး စာရင်းစစ်ဆေးထားသော ဘဏ္ဍာရေးရှင်းတမ်းကိုသာ IRD သို့ တင်ပြကြရသည်။ ကျွန်ုပ်တို့သည် တိုက်ရိုက်စာရင်းစစ်ဝန်ဆောင်မှု မပေးသော်လည်း စာရင်းစစ်များနှင့် ချိတ်ဆက်ပေးခြင်း၊ လူကြီးမင်းကိုယ်စား အချက်အလက်များ တောင်းခံပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းအားဖြင့် စာရင်းစစ်လုပ်ငန်းစဥ်ကို ကိုင်တွယ်ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ လက်ရှိစာရင်းစစ်များနှင့် တွဲဖက်ဆောင်ရွက်နိုင်သလို ကျွန်ုပ်တို့နှင့် ပုံမှန် တွဲဖက်လုပ်ကိုင်လျှက်ရှိသော အတွေ့အကြုံရှိ၍ ဈေးနှုန်းသင့်တင့်မျှတသော မြန်မာစာရင်းစစ်များထံ လွှဲအပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ပါသည်။

ဝန်ထမ်းများ၏ ကိုယ်ပိုင်ဝင်ငွေခွန်
– မြန်မာနိုင်ငံတွင် ဝန်ထမ်းများ၏ ကိုယ်ပိုင်ဝင်ငွေခွန်ကို နုတ်ယူပေးဆောင်ခြင်းသည် အလုပ်ရှင်များ၏ တာဝန်ဝတ္တရားဖြစ်သည်။ ကျွန်ုပ်တို့သည် ဝန်ထမ်းများ၏ ကိုယ်ပိုင်ဝင်ငွေခွန် ပေးဆောင်ခြင်း လွယ်ကူစေရန် ဝန်ထမ်းသစ်များ ခန့်အပ်ခြင်းနှင့် စပ်လျဥ်း၍ IRD ၏ ဒေသန္တရရုံးများအား အသိပေးအကြောင်းကြားခြင်းကို ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဝန်ထမ်းများအားလုံး၏ ကိုယ်ပိုင်ဝင်ငွေခွန်ကို တွက်ချက်၍ လစဥ်နှင့် နှစ်စဥ် ဝန်ထမ်းကိုယ်ပိုင်ဝင်ငွေခွန် အခွန်ကြေညာလွှာကို ပြင်ဆင်ခြင်း၊ တင်ပြလျှောက်ထားခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါသည်။ သက်ဆိုင်ရာအစိုးရဘဏ်သို့ ကိုယ်ပိုင်ဝင်ငွေခွန်ပေးသွင်းခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667