Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

စည်းမျဥ်းဥပဒေများ လိုက်နာခြင်း (Regulatory compliance)

Our Services

စည်းမျဥ်းဥပဒေများ လိုက်နာခြင်း (Regulatory compliance)

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရှိနှင့်ပြီးသော ကုမ္ပဏီများအဖို့ အစဥ်အမြဲပြောင်းလဲနေပြီး တစ်ခါတရံ မရှင်းလင်းသော စည်းမျဥ်းဥပဒေများကို လိုက်နာရန် အခက်အခဲများ ရှိတတ်ပါသည်။ အထူးသဖြင့် စည်းမျဥ်းဥပဒေမူဘောင်များကို ဥပဒေထိန်းသိမ်းရေးအရာရှိများကိုယ်တိုင် နားလည်လိုက်နာခြင်းမရှိသည့်အခါမျိုးတွင် ပိုမိုခက်ခဲပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ လုပ်ငန်း အောင်မြင်ပြီး စည်းကမ်းဥပဒေလိုက်နာမှုအဆင့်အတန်း မြင့်မားစေရန် လူကြီးမင်း၏ လုပ်ငန်းနှင့် သက်ဆိုင်သည့် လိုအပ်သော လိုင်စင်များ၊ ခွင့်ပြုမိန့်များနှင့် မှတ်ပုံတင်များနှင့် အစီရင်ခံခြင်းနှင့် တင်ပြလျှောက်ထားခြင်းကဲ့သို့သော ဆက်စပ်စည်းကမ်းလိုက်နာမှုဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ်ပေးခြင်းအားဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ လုပ်ငန်းအတွက် စည်းကမ်းလိုက်နာရာတွင် လိုအပ်သော အရာများကို ရယူပေးခြင်း၊ အသစ်ပြန်လည်ပြင်ဆင်ပေးခြင်း (updating) ပြုလုပ်ပေးခြင်းအားဖြင့် အထောက်အပံ့ပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ စည်းမျဥ်းဥပဒေလိုက်နာခြင်းဝန်ဆောင်မှုတွင် အောက်ပါတို့ပါဝင်သည်။

  • အမျိုးအစားမတူသော စက်မှုလုပ်ငန်းများအတွက် အဓိကလုပ်ငန်းလိုင်စင်များ ခြုံငုံပါဝင်သော သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများ (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးစည်ပင်သာယာရေးကော်မတီ စသည့် စည်ပင်သာယာရေးကော်မတီများ) ထံမှ လုပ်ငန်းလိုင်စင်အမျိုးမျိုးနှင့် ဆိုင်းဘုတ်ပြသခြင်းလိုင်စင်၊ ဘွိုင်လာလိုင်စင်၊ အစားအသောက်ပြင်ဆင်ခြင်းနှင့် ဝန်ဆောင်မှုလိုင်စင်များ စသဖြင့် ပိုမိုခက်ခဲသော အခြားလိုင်စင်များ
  • သက်ဆိုင်ရာလုပ်ငန်းများအတွက် အခွန်မှတ်ပုံတင်ခြင်းနှင့် လူမှုဖူလုံရေးမှတ်ပုံတင်ခြင်း
  • အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ပဋိညာဉ်မှတ်ပုံတင်ခြင်း
  • အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနတွင် လိုင်စင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်း
  • စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လက်လီ/လက်ကားကုန်သွယ်သူအဖြစ် မှတ်ပုံတင်ခြင်း
  • ကုန်စည်တင်သွင်းသူ/ကုန်စည်တင်ပို့သူအဖြစ် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထားခြင်း
  • ငှားရမ်းခြင်းနှင့် အခြားအိမ်၊ ခြံ၊ မြေဆိုင်ရာ စာရွက်စာတမ်းများ မှတ်ပုံတင်ခြင်း
  • တံဆိပ်ခေါင်းခွန် ပေးဆောင်ခြင်း
  • ငွေရေးကြေးရေးအဖွဲ့အစည်းများစည်းမျဥ်းဥပဒေအရ ငွေရေးကြေးရေးဝန်ဆောင်မှုများနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလိုင်စင်အတွက် လိုအပ်ချက်များ

ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ လုပ်ငန်းဆောင်ရွက်သည့်နယ်ပယ်နှင့် စပ်လျဥ်း၍ ကုမ္ပဏီ၏ လိုင်စင်နှင့် မှတ်ပုံတင်အခြေအနေကို ကနဦးစစ်ဆေး၍ လက်ရှိစည်းကမ်းလိုက်နာမှုမူဘောင်နှင့် အခြားဖော်ထုတ်မိသော လစ်ဟာမှုများနှင့် လိုအပ်သော ကုစားမှုများနှင့်စပ်လျဥ်း၍ အစီရင်ခံစာအကျဥ်းချုပ်ကို ပေးပို့ခြင်းအားဖြင့် စည်းကမ်းဥပဒေလိုက်နာမှုနှင့် စပ်လျဥ်းသည့် စစ်ဆေးကုစားခြင်း (health check) သုံးသပ်ချက်ကိုလည်း ဆောင်ရွက်ပေးပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667