Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

ခွင့်ပြုမိန့်နှင့် မှတ်ပုံတင်များ

Our Services

ခွင့်ပြုမိန့်နှင့် မှတ်ပုံတင်များ

ကျွန်ုပ်တို့၏ regulatory team သည် မြန်မာနိုင်ငံတွင် လုပ်ငန်းအသစ် သို့မဟုတ် ချဲ့ထွင်မည့် လုပ်ငန်းများအနေဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သော အဓိကလိုင်စင်အမျိုးအစားများ၊ ခွင့်ပြုမိန့်များနှင့် မှတ်ပုံတင်များအတွက် လျှောက်လွှာများ ပြင်ဆင်ခြင်း၊ လျှောက်ထားခြင်းနှင့် အပြီးသတ်လုပ်ဆောင်ခြင်းလုပ်ငန်းစဥ်များတွင် အထောက်အပံ့ ပြုခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါသည်။

MIC
ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ – အခွန်ကင်းလွတ်ခွင့်နှင့် မြေအသုံးပြုခွင့်အတွက် လျှောက်ထားခြင်းအပါအဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရရှိနိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြည်နယ်/တိုင်းရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ပေးပို့ရန် အဆိုပြုလွှာများ ပြင်ဆင်ခြင်းနှင့် ပြန်လည်စစ်ဆေးရာတွင် ကူညီဆောင်ရွက်ခြင်း။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင် သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကော်မရှင်များ သို့ အဆိုပြုလွှာများ ပေးပို့ခြင်းနှင့် လျှောက်လွှာများလက်ခံရန် ဆောင်ရွက်ခြင်းလုပ်ငန်းစဥ်များကို စီမံခန့်ခွဲခြင်းတို့ ပါဝင်ပါသည်။

ငှားရမ်းမှုကို မှတ်ပုံတင်ခြင်း
– နိုင်ငံခြားသားပိုင်ဆိုင်သည့် ကုမ္ပဏီများအား ငှားရမ်းခြင်းအပါအဝင် မြန်မာနိုင်ငံမှတ်ပုံတင်ဥပဒေအရ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မြေငှားရမ်းခြင်းကို မှတ်ပုံတင်ရန် လျှောက်လွှာပြင်ဆင်ပေးပို့တင်ပြခြင်း

လက်လီ နှင့်/သို့မဟုတ် လက်ကားအရောင်းအဝယ်မှတ်ပုံတင်ခြင်း
– မှတ်ပုံတင်ရန် လိုအပ်ချက်ကိုက်ညီမှုရှိမရှိ အကြံဉာဏ်ပေးခြင်းအပါအဝင် နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင်သော ကုမ္ပဏီများနှင့် နိုင်ငံခြားသား-မြန်မာနိုင်ငံသား ပူးတွဲလုပ်ကိုင်သော အစုစပ်လုပ်ငန်းမှ ကုန်စည်များကို လက်လီ နှင့်/သို့မဟုတ် လက်ကား ရောင်းဝယ်ဖောက်ကားရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနခွင့်ပြုမိန့် ရရှိရန် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ခြင်း၊ တင်ပြလျှောက်ထားခြင်းနှင့် လျှောက်လွှာများလက်ခံရန် ဆောင်ရွက်ခြင်းလုပ်ငန်းစဥ်များကို စီမံခန့်ခွဲခြင်း။

အထူးစီးပွားရေးဇုန်များ
– အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုမူဘောင်အတွင်းမှ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခြင်း၊ ကုမ္ပဏီတည်ထောင်ခြင်း၊ လုပ်ကွက်ငှားရမ်းခြင်းနှင့် အခွန်ကင်းလွတ်ခွင့် (tax incentive) ပြုခြင်းတို့အပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းတည်ထောင်ရန် လျှောက်ထားရာတွင် ကူညီဆောင်ရွက်ခြင်း။

နယ်စပ်ဖြတ်ကျော်ချေးငွေ (
cross-border loans) အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ခွင့်ပြုချက် – နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနည်းဥပဒေများအရ ပြည်ပနိုင်ငံမှ ငွေချေးသူထံမှ ပြည်တွင်း၌နေထိုင်သူက ချေးယူသည့် ငွေအတွက် ကြိုတင်ခွင့်ပြုမိန့် ရရှိရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံ လျှောက်လွှာပြင်ဆင်ပေးပို့ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စသည့်) စည်ပင်သာယာရေးကော်မတီများထံမှ လုပ်ငန်းလိုင်စင်များ
– သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများ အထူးသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ စက်ရုံနှင့် အခြားသော လုပ်ငန်းများအတွက် လုပ်ငန်းလိုင်စင်လျှောက်လွှာ ပြင်ဆင်ပေးခြင်းနှင့် တင်ပြလျှောက်ထားပေးခြင်း။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင် ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကင်းရှင်းရေးဆိုင်ရာ ထောက်ခံချက်များ၊ စက်ရုံအလုပ်ရုံစစ်ဆေးခြင်းများနှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ခွင့်ပြုချက်များ စသဖြင့် အမျိုးမျိုးသော လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ကူညီဆောင်ရွက်ခြင်း၊ ရယူပေးခြင်းများ ပါဝင်ပါသည်။

ကုန်စည်တင်သွင်းသူ/ကုန်စည်တင်ပို့သူမှတ်ပုံတင်ခြင်း
– ကုန်စည်တင်သွင်းသူ/ကုန်စည်တင်ပို့သူအဖြစ် မှတ်ပုံတင်နိုင်ရန် လိုအပ်သည့် စက်မှုလက်မှုအသင်းများ၊ ကုန်သည်စက်မှုချုပ်အသင်း (UMFCCI) အသင်းဝင်ဖြစ်ခွင့် လျှောက်ထားရန်အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကုန်စည်တင်သွင်းသူ/ကုန်စည်တင်ပို့သူ အဖြစ် လျှောက်ထားရန် လျှောက်လွှာပြင်ဆင်ခြင်းနှင့် တင်ပြလျှောက်ထားပေးခြင်း။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667