Calibre ၏ အကြောင်း

Calibre ၏ အကြောင်း

ပြန်လည်ထူထောင်ခြင်းနှင့် ပိတ်သိမ်းခြင်း

Our Services

ပြန်လည်ထူထောင်ခြင်းနှင့် ပိတ်သိမ်းခြင်း

နောက်ခံအကြောင်းအရာ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံအစိုးရသည် လူမွဲခံယူသည့် ကုမ္ပဏီများနှင့် လုပ်ငန်းများ ပြန်လည်ထူထောင်ခြင်း နှင့်/သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ဖြေရှင်းရန်အတွက် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပါသည်။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအရ လူမွဲမဟုတ်သည့် ကုမ္ပဏီများသည် ကုမ္ပဏီအစုရှယ်ယာရှင်များ၏  ခွင့်ပြုချက်ဖြင့် ဆန္ဒအလျောက် ပိတ်သိမ်းခြင်းအားဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းနိုင်သည်။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေတွင် မြန်မာနိုင်ငံအစိုးရက ခွင့်ပြုသည်နှင့်တစ်ပြိုင်နက် လူမွဲခံယူခြင်းကို ကုမ္ပဏီများ ပိတ်သိမ်းခြင်းနှင့် စပ်လျဥ်း၍ ပြဋ္ဌာန်းချက်အချို့ပါရှိသော ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအစား လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို လက်တွေ့တွင် ကျင့်သုံးခြင်း မရှိသေးပါ။ (ကုမ္ပဏီပိတ်သိမ်းခြင်းများကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရသာ ဆောင်ရွက်သင့်သော်လည်း) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သည် ၎င်းအစား လက်ရှိတွင် ကုမ္ပဏီဖျက်သိမ်းခြင်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရသာ ဆောင်ရွက်ခွင့်ပြုထားသည်။ များမကြာမီအချိန်များတွင် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို အကောင်အထည်ဖော်ကာ DICA သည်လည်း ကုမ္ပဏီဖျက်သိမ်းခြင်းများကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရသာ စီမံဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ဖြစ်လာနိုင်စရာရှိပါသည်။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပါ ကုမ္ပဏီဖျက်သိမ်းခြင်း လုပ်ငန်းစဥ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လုပ်ငန်းစဥ်များနှင့် အလားသဏ္ဌာန်တူသဖြင့် လွှမ်းမိုးသည့် ဥပဒေအပြောင်းအလဲတွင် ဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်းခြင်းအပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိလိမ့်မည်ဟု မျှော်လင့်ရပါသည်။

အကယ်၍ ကုမ္ပဏီတစ်ခုသည် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သည့် မလွှဲသာမရှောင်သာ ဘဏ္ဍာရေးအကျပ်အတည်းသို့ ကျရောက်ခဲ့ပါက သို့မဟုတ် ကျရောက်တော့မည်ဆိုပါက ကုမ္ပဏီပိတ်သိမ်းရန် လိုအပ်လာနိုင်သည့်အတွက် အသုံးစရိတ်များကို ချက်ချင်း ရပ်တံ့နိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရန် စာချုပ်အရ ဆက်နွှယ်မှု၊ မြီရှင်များနှင့် ဆက်နွှယ်မှုကို သေချာ လေ့လာခြင်းသည် အသုံးဝင်လာနိုင်ပါသည်။ ဤနည်းလမ်းကျင့်သုံးခြင်းသည် တရားမဝင်သော လူမွဲခံခြင်းကုန်သွယ်မှု (insolvent trading) ဖြစ်ပေါ်မည့် အန္တရာယ်ကို လျော့ကျစေပြီး နောက်ပိုင်း ကုမ္ပဏီပိတ်သိမ်းသည့်အခါတွင်လည်း လုပ်ငန်းစဥ်ကို ပိုမိုမြန်ဆန်စေကာ အခက်အခဲများ လျော့နည်းစေသည်။ အချို့သော လုပ်ငန်းဆောင်ရွက်ချက် သို့မဟုတ် လုပ်ငန်းများကို ဦးစွာ ရပ်စဲ သို့မဟုတ် ဆိုင်းငံ့ကာ ပိုမိုအရေးကြီးသော နှင့်/သို့မဟုတ် ရှုပ်ထွေးသော လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည့် ‘staged shutdown’ နည်းလမ်းကိုလည်း ကျင့်သုံး၍ ရနိုင်ပါသေးသည်။ ဤနည်းလမ်းကို ရရှိနိုင်ပါက လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာများက ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုအသစ်များ သို့မဟုတ် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဥ်များကို ရှာဖွေနေစဥ် လုပ်ငန်းကို အချိန်ကြာရှည် ဆက်လက်လည်ပတ်စေနိုင်မည့် နည်းလမ်းလည်းဖြစ်သည်။

စီမံခန့်ခွဲမှုနှင့် နည်းဗျူဟာအတိုင်ပင်ခံခြင်းနယ်ပယ်မှ ကျွန်ုပ်တို့၏ အတွေ့အကြုံများနှင့် ကျွန်ုပ်တို့ အဓိကကျွမ်းကျင်သော စာရင်းကိုင်ပညာကို ပေါင်းစပ်ကာ လူကြီးမင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် creditor profile ကို သုံးသပ်၍ လုပ်ငန်းပြန်လည်ထူထောင်ရန် သို့မဟုတ် ကုမ္ပဏီပိတ်သိမ်းခြင်းဖြင့် ထိန်းချုပ်ထားသော စနစ်တကျ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် ပြင်ဆင်ရန် ရည်မှန်းကာ အသုံးစရိတ်နှင့် လူမွဲခံယူခြင်းအန္တရာယ်တို့ကို လျှော့ချရန် အစီအစဥ်တစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် လူကြီးမင်း၏ team နှင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ပါသည်။

အကယ်၍ လူကြီးမင်းက ကုမ္ပဏီဖျက်သိမ်းရန် ဆုံးဖြတ်ပါက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆောင်ရွက်ရန် လိုင်စင်ရ အတွေ့အကြုံရှိသော စာရင်းကိုင်အဖွဲ့ (Myanmar CPA) ကို ကျွန်ုပ်တို့ ကူညီရှာဖွေပေးနိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမတိုင်မီ စာရင်းစစ်ခြင်း၊ အခွန်ဖြေရှင်းခြင်းမှ တစ်ဆင့် ကြွေးဆပ်နိုင်စွမ်းစစ်ဆေးမှု (solvency assessment) ပြုလုပ်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ပယ်ဖျက်ခြင်း၊ ဘဏ်စာရင်းပိတ်ခြင်းနှင့် ပိုလျှံသော မတည်ငွေများကို အစုရှယ်ယာရှင်များထံ လွှဲအပ်ခြင်းမှ အစ ကုမ္ပဏီဖျက်သိမ်းခြင်းလုပ်ငန်းစဥ်အလုံးစုံကို စီမံခန့်ခွဲရာတွင်လည်း ကူညီဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့သည် client ကိုယ်တိုင်ပါဝင်ရန် လိုအပ်မှုနှင့် လုပ်ငန်းစဥ် ရှုပ်ထွေးမှုကို လျှော့ချရန် စုံစမ်းမေးမြန်းမှုများနှင့် အချိန်နှင့်တပြေးညီအချက်အလက်များအတွက် တစ်နေရာတည်းမှာ ဆက်သွယ်မေးမြန်းနိုင်မည့် ဌာန (single point of contact) ကို ထားရှိပါသည်။

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Calibre Corporate Services Ltd. (Registration No. 104279953)
အီးမေးလ်လိပ်စာ – [email protected] | ဖုန်းနံပါတ်နှင့် Viber: +95(0)926 5067 667