About Calibre

မြန်မာနိုင်ငံရှိ အဓိကအခွန်အမျိုးအစားများ ခြုံငုံသုံးသပ်ချက်

မြန်မာနိုင်ငံရှိ အဓိကအခွန်အမျိုးအစားများ ခြုံငုံသုံးသပ်ချက်

မြန်မာနိုင်ငံ၏ အခွန်စနစ်ကို အဓိကအားဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန (IRD) က ကြီးကြပ်စီမံအုပ်ချုပ်သည် (အခြားကဏ္ဍများနှင့် အကောက်ခွန်ကဲ့သို့သော အထူးအခွန်နှင့် Duty ခွန်များကို  အခြားအစိုးရဌာနများက ကြီးကြပ်စီမံအုပ်ချုပ်သည်)။ နိုင်ငံ၏ စီးပွားရေးကို ခေတ်မှီဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဆဲဖြစ်သည့်အတွက် အခွန်စနစ်ဖွဲ့စည်းပုံမှာ ယခင်ကထက်စာလျှင် ယခုမျက်မှောက်အခြေအနေတွင် ပိုမိုရိုးရှင်းလာပြီဖြစ်သည်။  သို့သော် IRD ထံမှ ရှင်းလင်းတိကျသော အကြောင်းပြန်ကြားမှု ရရှိရန် ခက်ခဲသေးသည့်အတွက် အခွန်ထမ်းဆောင်ခြင်းကိစ္စရပ်မှာ စိန်ခေါ်မှုတစ်ရပ်အဖြစ်နှင့် ရှိနေသေးသည်။ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်ကို အကောင်အထည်ဖော်ရန် စတင်လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီဖြစ်ရာ ၎င်းကို စတင်အသုံးပြုသည်နှင့် တစ်ပြိုင်နက် အခွန်စည်းကြပ်ခြင်းကိစ္စရပ်များ ထိရောက်ချောမွေ့ လာပါလိမ့်မည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းများနှင့် သက်ဆိုင်သည့် အဓိကအခွန်အမျိုးအစားများနှင့် စပ်လျဉ်း၍ ခြုံငုံသုံးသပ်ချက်များကို အောက်တွင်ဖော်ပြထားသည်။ 

ကုန်သွယ်ဝင်ငွေခွန် (Corporate Income Tax)

ကုန်သွယ်ဝင်ငွေခွန် (CIT) ကို အောက်ပါပုံသေနှုန်းထားများအတိုင်း သတ်မှတ်ထားသည်။ 

  • ပြည်တွင်းပြည်ပကုမ္ပဏီနှစ်မျိုးလုံးအတွက် ၂၅%
  • ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများအတွက် ၂၀%

ပြည်တွင်းကုမ္ပဏီများကို ကမ္ဘာအနှံ့မှ ရရှိသည့် အခွန်ကောက်ခံနိုင်သော ဝင်ငွေအားလုံးအပေါ် တရားဝင်အခွန် ကောက်ခံသည်။ ပြည်ပကုမ္ပဏီများကို မြန်မာနိုင်ငံရင်းမြစ်မှ ရရှိသည့် ဝင်ငွေအပေါ်တွင်သာ အခွန်ကောက်ခံသည်။ 

မတည်ငွေအသုံးစရိတ် (Capital Expenditure) နှင့် တစ်ကိုယ်ရည်အသုံးစရိတ် (Personal Expenditure) အပါအဝင် အချို့သောအသုံးစရိတ်များကို နှုတ်ယူ၍ မရပါ။ IRD သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အသုံးစရိတ်ကို လုပ်ငန်းပမာဏနှင့် အချိုးမညီကြောင်း ယူဆ၍ နှုတ်ယူခွင့်ပြုနိုင်သည့် ပမာဏကို လျှော့ချခွင့်ပြုနိုင်သည်။ 

တန်ဖိုးလျော့ကျခြင်းကို သက်ဆိုင်ရာအခြေပစ္စည်းအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲသည့် ပုံသေနှုန်းထားဖြင့် ခွင့်ပြုနိုင်သည်။ 

ကုန်သွယ်ခွန် (Commercial Tax)

ကုန်သွယ်ခွန် (CT) သည် တန်ဖိုးဖြည့်အခွန် သို့မဟုတ် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအခွန်တို့နှင့် များစွာ ဆင်တူသည့် အခွန်အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်း/ဝန်ဆောင်မှုနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်း/ဝန်ဆောင်မှုတို့သည် CT နှင့် သက်ဆိုင်မှုရှိသည်။ ပုံမှန်အားဖြင့် ၅% သာ ကောက်ခံလေ့ရှိသော်လည်း အချို့ကုန်ပစ္စည်း/ဝန်ဆောင်မှုအပေါ် မတူညီသည့် နှုန်းထားကောက်ခံ၍ အချို့ကိုမူ လုံးဝကင်းလွတ်ခွင့်ပြုထားသည်။ နှစ်စဉ်ဝင်ငွေ ၅၀ ၀၀၀ ၀၀၀ ကျပ်အောက် ရရှိသည့် လုပ်ငန်းများသည် CT မှ ကင်းလွတ်ခွင့်ရရှိကြသည်။ 

အချို့သောသတ်မှတ်စည်းကမ်းချက်များအရ လုပ်ငန်းတစ်ခုတွင် မိမိ၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ အတွက် ပေးဆောင်ရမည့် CT ကို  ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ ရယူသည့် input အပေါ် ပေးပြီးသည့် CT ဖြင့် ချေပနိုင်သည်။ CT များကို IRD သို့ အနည်းဆုံး လစဉ်ပေးစနစ်ဖြင့် ပေးသွင်းရသည်။  

အထူးကုန်စည်ခွန် (Special Good Tax)

အထူးကုန်စည်ခွန် (SGT) သည် အလ်ကိုဟော၊ စီးကရက်၊ ခွဲကြမ်းသစ်၊ ကျောက်စိမ်းနှင့် ကျောက်မြက်၊ အချို့ယာဉ်အမျိုးအစား၊ လောင်စာနှင့် သဘာဝဓာတ်ငွေ့များကို တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်သည့်အခါ ကောက်ခံသည့် ယစ်မျိုးခွန်အမျိုးအစားတစ်မျိုးဖြစ်သည်။ SGT ပေးဆောင်ရမည့် ကုန်ပစ္စည်းများအတွက် CT ပေးဆောင်ရန် တာဝန်ရှိသဖြင့် သက်ဆိုင်ရာ SGT အပါအဝင် ကုန်ပစ္စည်း၏ ဈေးနှုန်း/တန်ဖိုးပေါ်မူတည်၍ CT ပေးဆောင်ရမည်။

အခြေပစ္စည်းအမြတ်အစွန်းအပေါ် ကောက်ခံသည့် အခွန် (Capital Gains Tax)

မြန်မာနိုင်ငံတွင် အခြေပစ္စည်းအမြတ်အစွန်းအပေါ် ကောက်ခံသည့် အခွန် (CGT) ကို စုစုပေါင်းတန်ဖိုး ကျပ် ၁၀ ၀၀၀ ၀၀၀ ကျော်လွန်သည့် အခြေပစ္စည်းကို မြန်မာနိုင်ငံအတွင်း ရောင်းချ၊ လွှဲပြောင်း သို့မဟုတ် လဲလှယ်ရာမှ ရရှိသည့် အမြတ်အစွန်းအပေါ် ကောက်ခံသည်။ အောက်ပါတို့မှာ လက်ရှိ CGT နှုန်းထားများဖြစ်သည်။ 

  • တစ်ဦးချင်းနှင့် ကုမ္ပဏီမှ ရရှိသည့် အမြတ်အစွန်းအတွက် ၁၀%
  • (တန်ဖိုးပေါ်မူတည်၍) ရေနံနှင့် ဓာတ်ငွေ့များစွန့်ပစ်ရာမှ ရရှိသည့် အမြတ်အစွန်းအတွက် ၄၀ မှ ၅၀%

IRD သည် (အကြောင်းခိုင်လုံမှုမရှိဘဲ) အခွန်ထမ်းက ကာလပေါက်ဈေးထက် လျှော့၍ တန်ဖိုးဖော်ပြသည်ဟု သံသယရှိပါက ကာလပေါက်ဈေးကို အခြေခံ၍ တန်ဖိုးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စိစစ်နိုင်သည်။ မြန်မာနိုင်ငံတွင် တိုက်ရိုက်မဟုတ်သည့် လွှဲပြောင်းမှုအတွက် သိသာထင်ရှားသည့် စည်းကမ်းသတ်မှတ်ချက်မရှိသေးသော်လည်း ဝင်ငွေခွန်ပါ CGT ဆိုင်ရာ ပြဋ္ဌာန်းချက်များသည် မြန်မာနိုင်ငံရှိ အခြေပစ္စည်းကို တိုက်ရိုက်မဟုတ်သည့် လွှဲပြောင်းခြင်းနှင့် သက်ဆိုင်မှုရှိသည်ဟု ထင်ရလောက်အောင် အဓိပ္ပါယ်ကျယ်ပြန့်သည်။

ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax)

ငွေထုတ်ပေးရန် တာဝန်ရှိသူသည် ပြည်ပကုမ္ပဏီများထံမှ ဝယ်ယူသည့် ကုန်ပစ္စည်း သို့မဟုတ် ၎င်းထံမှ ရယူသည့် ဝန်ဆောင်မှုများအတွက် ၂.၅% ကို (ဝယ်ယူမှု/ဝန်ဆောင်မှုရယူမှုအပေါ်ကောက်ခံသည့် ဝင်ငွေခွန်ကဲ့သို့) ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန် (WHT) အဖြစ် နှုတ်ယူပေးသွင်းရမည်။

WHT ကို အတိုးပေးဆောင်ခြင်းနှင့် လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ တီထွင်မှုမူပိုင်ခွင့်အတွက် အခွန် (Royalties) ပေးဆောင်ရာတွင် ပြည်ပနေထိုင်သူကို ၁၅% နှင့် ပြည်တွင်းနေထိုင်သူကို ၁၀% သတ်မှတ်ထားသည်။

တံဆိပ်ခေါင်းခွန် (Stamp Duty)

တံဆိပ်ခေါင်းခွန်ကို မြန်မာနိုင်ငံတွင် ရေးသားချုပ်ဆိုသော စာချုပ်အမျိုးမျိုးတို့အတွက် ပေးဆောင်ရသည်။  ချုပ်ဆိုသည့် စာချုပ်အမျိုးအစားပေါ် မူတည်၍ ပမာဏအနည်းငယ်မှ လုပ်ဆောင်မည့်လုပ်ငန်းပမာဏ/တန်ဖိုးအပေါ် ရာခိုင်နှုန်းအလိုက် ပေးဆောင်ရခြင်းမျိုးလည်းရှိသည်။ တံဆိပ်ခေါင်းခွန်ကို စာချုပ်ဆိုဆိုသည့်နေ့ သို့မဟုတ် မချုပ်ဆိုမီ ပေးဆောင်ရသည်။ သို့ရာတွင် စာချုပ်စာတမ်းကို ချုပ်ဆိုပြီး တစ်လအတွင်း တံဆိပ်ခေါင်းခွန်အရာရှိထံ ပေးပို့၍လည်း စည်းကြပ်သည့် အခွန်ကို ပေးဆောင်နိုင်သည်။ တံဆိုင်းခေါင်းခွန် မပေးဆောင်ထားသော စာချုပ်စာတမ်းကို တရားရုံးတွင် တရားဝင်သက်သေခံစာရွက်စာတမ်းအဖြစ် အသုံးပြုရန် မတင်သွင်းနိုင်ပါ။ တံဆိပ်ခေါင်းခွန်ကို နောက်ကျ၍ ပေးဆောင်နိုင်သော်လည်း မူလပေးဆောင်ရမည့် တန်ဖိုး၏ ဆယ်ဆကို ဒဏ်ကြေးအဖြစ် ပေးသွင်းရမည်။  

အခွန်ကင်းလွတ်သက်သာခွင့် (Tax Incentives)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် အထူးသဖြင့် CIT၊ အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန်များမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။ MIC သည် “မြှင့်တင်မည့်ရင်းနှီးမြှုပ်နှံမှုစာရင်း” တွင် အခွန်ကင်းလွတ်သက်သာခွင့်ပြုမည့် စက်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြဋ္ဌာန်းခဲ့သည် (၎င်းတို့တွင် မပါဝင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခွန်ကင်းလွတ်သက်သာခွင့် ရရှိလိမ့်မည်မဟုတ်ပါ)။ 

ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသော နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံရှိ မြို့နယ်များအနက် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးမြို့နယ်များကို ဇုန် ၁၊ ဖွံ့ဖြိုးတိုးတက်မှုအများဆုံးမြို့နယ်များကို ဇုန် ၃ စသဖြင့်  ဇုန် ၃ ဇုန်သတ်မှတ်၍ အမျိုးအစားခွဲခြားထားသည်။ ဇုန် ၁ အတွက် သတ်မှတ်အရည်အချင်းပြည့်မှီသည့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆက်တိုက် ၇ နှစ်၊ ဇုန် ၂ အတွက် သတ်မှတ်အရည်အချင်းပြည့်မှီသည့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆက်တိုက် ၅ နှစ်နှင့် ဇုန် ၃ အတွက် သတ်မှတ်အရည်အချင်းပြည့်မှီသည့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆက်တိုက် ၃ နှစ် စသဖြင့် အသီးသီး CIT အခွန်ကင်းလွတ်သက်သာခွင့် ရရှိကြသည်။ 

သက်ဆိုင်ရာအထူးစီးပွားရေးဇုန် (SEZ) မှ ရင်းနှီးမြှုပ်နှံသူများသည် MIC က ပေးသည့် အခွန်ကင်းလွတ်သက်သာခွင့်နှင့် ဆင်တူသည့် အခွန်ကင်းလွတ်သက်သာခွင့်မျိုးရနိုင်သော်လည်း ၎င်းကို သက်ဆိုင်ရာအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီမှ စီမံအုပ်ချုပ်ပေးအပ်သည်။ 

လွှဲပြောင်းတန်ဖိုးသတ်မှတ်ခြင်း၊ မတည်ငွေရင်းလျော့ပါးလာခြင်းနှင့် ရှောင်တိမ်းခြင်းဆန့်ကျင်ရေး (Transfer pricing, thin capitalization and anti-avoidance)

လက်ရှိမြန်မာ့ဝင်ငွေခွန်စည်းမျဉ်းများတွင် လွှဲပြောင်းတန်ဖိုးသတ်မှတ်ခြင်း၊ မတည်ငွေရင်းလျော့ပါးလာခြင်းနှင့် ရှောင်တိမ်းခြင်းဆန့်ကျင်ရေးတို့နှင့် စပ်လျဉ်း၍ ထင်ရှားသိသာသည့် စည်းကမ်းသတ်မျတ်ချက်များ မရှိသေးပါ။ သို့သော် အောက်ပါတို့ကို သတိပြုသင့်ပါသည်။

  • IRD သည် ကောက်ယူသည့် အခွန်များ (royalties)၊ ဝန်ဆောင်ခများ၊ အတိုးနှုန်းများ သင့်လျော်မှုရှိမရှိ (နှင့် စည်းကြပ်မှုအခြေခံစည်းမျဉ်းများ သင့်လျော်မှုမရှိပါက ပြောင်းလဲခြင်းတို့ကို) ကို ဆုံးဖြတ်ပြုလုပ်နိုင်သည်။
  • ပြည်ပငွေချေးသူများထံမှ ချေးငွေရယူရာတွင် မြန်မာနိုင်ငံဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက် လိုအပ်ပြီး ခွင့်ပြုချက်လျှောက်ထားမှုကို စိစစ်ရာတွင် benchmark debt/မတည်ငွေရင်းအချိုးနှင့် သက်ဆိုင်မှုရှိသည်။
  • အကယ်၍ ကုမ္ပဏီ သို့မဟုတ် လူတစ်ဦးသည် အခြေပစ္စည်း သို့မဟုတ် လုပ်ငန်းသစ်တည်ထောင်ရာတွင် ဝယ်ယူ၊ တည်ဆောက်၊ ရယူသည့် ရင်းမြစ်ကို မဖော်ပြနိုင်ပါက အဆိုပါဝင်ငွေအတွက် ထပ်ဆောင်းအခွန်ငွေ ၁၅ မှ ၃၀% အထိ ပေးဆောင်ရမည်။
  • အချက်အလက်များ ဖုံးကွယ်ထားပါက သို့မဟုတ် ဖော်ပြရန် ပျက်ကွက်ပါက ဝင်ငွေခွန်ဥပဒေအရ ဒဏ်ငွေဖြစ်စေ၊ ထောင်ဒစ်ဖြစ်စေ ကျခံရမည်။

အခွန်ပေးဆောင်ရန် ထိုက်သင့်သည့် နေထိုင်မှု (Tax Residency)

နိုင်ငံခြားသား Natural person သည် မြန်မာနိုင်ငံတွင် ပြက္ခဒိန်ရက်ပေါင်း အနည်းဆုံး ၁၈၃ ရက် နေထိုင်ပြီးဖြစ်ပါက ၎င်းကို မြန်မာနိုင်ငံနေအခွန်ထိုက်သင့်သူအဖြစ် မှတ်ယူရမည်။

၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (သို့မဟုတ် အခြားတည်ဆဲဥပဒေများအရ) ဖွဲ့စည်းတည်ထောင်ထားသော သို့မဟုတ် မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် ထိန်းချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို မြန်မာနိုင်ငံတွင် အပြည့်အဝကျင့်သုံးသော အခြားအသင်းအဖွဲ့များနှင့်အတူ အခွန်ထိုက်သင့်သည့် ကုမ္ပဏီများဖြစ်ကြသည်။

ဝင်ငွေခွန် (Personal Income Tax)

မြန်မာနိုင်ငံတွင် ဝင်ငွေခွန် (PIT) ကို ဝ% မှ ၂၅% နှုန်းအထိ လူတစ်ဦး၏ မတူညီသည့် ဝင်ငွေအပေါ် မတူညီသည့် နှုန်းဖြင့် ကောက်ခံသည်။ နှစ်စဉ်ဝင်ငွေစုစုပေါင်း  ကျပ် ၄ ၈၀၀ ၀၀၀ နှင့် ၎င်းအောက် လျော့နည်း၍ ရရှိကြသူများသည် PIT မှ ကင်းလွတ်ခွင့်ရကြ၍ တစ်နှစ်လျှင် ဝင်ငွေ ကျပ် ၄ ၈၀၀ ၀၀၀ ကျော် ရရှိကြသူများသည် အဆင့်ဆင့်တိုးမြှင့်ကောက်ခံနိုင်သော နှုန်းဖြင့် ဝင်ငွေတစ်ရပ်လုံးအပေါ် အခွန်ထမ်းဆောင်ကြရသည်။ 

မြန်မာနိုင်ငံတွင် နေထိုင်သူများသည် ကမ္ဘာအနှံ့မှ ရရှိသည့် ဝင်ငွေအပေါ် တရားဝင် PIT ပေးဆောင်ရန် တာဝန်ရှိပြီး မြန်မာနိုင်ငံပြင်ပမှ ရရှိသည့် ဝင်ငွေအပေါ် ပုံသေနှုန်းထား ၁၀% သာ ထမ်းဆောင်ရပါမည်။ မြန်မာနိုင်ငံနေမဟုတ်သူများသည် မြန်မာနိုင်ငံများသည် မြန်မာနိုင်ငံတွင် ရရှိသည့် ဝင်ငွေအပေါ်တွင်သာ အခွန်ထမ်းဆောင်ကြရသည်။ 

For more information or a no-obligation quote:

CONTACT US

Calibre Corporate Services Ltd. (Registration No. 104279953)
Email: [email protected] | Phone & Viber: +95(0)926 5067 667